ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒေသန္တရ ညမထွက်ရအမိန့်အား လိုက်နာမှုရှိမရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်

ဒဂုံ(အရှေ့) စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ထုတ်ပြန် သည့် ဒေသန္တရ ညမထွက် ရအမိန့်အား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ညကအမှတ်(၁၂)ရပ်ကွက် ကျန်စစ်သားလမ်း၊ တပင်ရွှေထီး လမ်းဆုံ(CNG Gas ဆိုင်လမ်းဆုံ) တို့တွင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။         

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပြည်သူများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေ ရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဒေသန္တရ ညမထွက်ရအမိန့်အား လိုက်နာမှုရှိမရှိ အခြေအနေ များအား  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူး စိုးမြင့်နှင့် အဖွဲ့မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်မီးသတ် တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့က ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)