ဖားဆောင်း စက်တင်ဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျေးရွာ မတည်ရန်ပုံငွေ( VRFP)စီမံကိန်းကျေးရွာများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ ရုံးအစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းထွေးသူက အဖွင့်အမှာစကားပြောကြားပြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မြင့်အောင်က သင်တန်း တွင် ပို့ချမည့် အကြောင်းအရာများအား ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ဘောလခဲခရိုင်၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာဘေးကင်း လုံခြုံစေရေး၊ ကျေးလက်ဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး အတွက်ဖြစ်ကြောင်း၊ သင်တန်းတွင် ပို့ချသည့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို လက်တွေ့နယ်ပယ်တွင်အကျိုးရှိစွာ အသုံးချ ခြင်း ဖြင့် မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ကာလစီးပွားရေး ကုစားမှုအစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ(VRFP) စီမံကိန်း ကျေးရွာများတွင် စိုက်ပျိုးရေးမွေးမြူရေးလုပ်ကိုင်သည့် ကျေးရွာများမှ ကျေးရွာသူ၊ကျေးရွာ သား (၁၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့်သင်တန်းကာလမှာ (၁)ရက် ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)