ဒေါပုံမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒေါပုံ စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်  ​​ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကေျာ်သက်ထူးက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လတ်တလော အခြေအနေအရ ကူးစက်ပြန့်ပွားမှု  ပိုမို များပြားလာသည့်အတွက် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေ ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းပေးကြရန်နှင့် Community Based Facility Quarantine  ပြုလုပ်ရန်အတွက် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ပြုလုပ်သည့် ဖြစ်ကြောင်း စသည့်ကိစ္စများ ဆွေးနွေးပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်များကလည်း မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများ၏ ဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး ရပ်မိရပ်ဖများကလည်း Community Based Facility Quarantine ထားရှိမှုနှင့် ပတ်သက် ၍ အသီးသီးဆွေးနွေးကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)