ကမမောင်း စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ကမ်းနားလမ်းစက်လှေဂိတ်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ကမမောင်းနယ်မြေမီးသတ်စခန်းမှ မီသတ်တပ်ဖွဲ့ဝင်များကသံလွင်မြစ်အတွင်းစက်တပ်လှေအသုံးပြု၍ ခရီးသွားလာနေကြရသောပြည်သူများကို အသက်ကယ်အင်္ကျီ (life jacket) ဝတ်ဆင်နည်းအား လက်တွေ့သင်ကြားပြသပေးခဲ့သည်။
နယ်မြေမီးသတ်စခန်းတာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ရေလမ်းခရီးကိုအသုံးပြုသွားလာနေကြသော စက်လှေမောင်းနှင်ကြသူများနှင့် ခရီးသည်များအား မိုးရာသီကာလအတွင်း ရေလမ်းခရီးသွားလာကြရာတွင် မတော်တဆ စက်လှေတိမ်းမှောက်နစ်မြုပ်မှုမဖြစ်ပေါ်စေရေးအတွက် ပစ္စည်းဝန်နှင့်ခရီးသည်တင်နိုင်သည့်ဝန်ဖြင့်သာ သွားလာကြစေရန်၊ စက်လှေစီးနင်းအသုံးပြုနေချိန်များ၌ အသက်ကယ်အင်္ကျီကိုဝတ်ဆင်၍ သွားလာကြစေရန် အသိပညာပေးဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)