ဒဂုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအမည်စာရင်း ပြည့်စုံမှန်ကန်၊ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင် စစ်ဆေးခြင်း များ ဆောင်ရွက်

ဒဂုံ စက်တင်ဘာ ၄

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှုရှိရေးနှင့် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် ဒဂုံမြို့နယ် အတွင်းရှိ ပြည်သူများ အမည်စာရင်း ကျန်ရှိမှုမရှိရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီက  ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင်ပြည်သူများ အမည်စာရင်းကျန်ရှိမှုမရှိစေရေးအတွက်  တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် မြို့နယ်ကော်မရှင် အတွင်းရေးမှူး ဒေါ်ပွင့်ဖူး မောင်မောင်တို့က စိစစ်ကြီးကြပ်ပေးပြီး ဌာနဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်း၍ မဲဆန္ဒရှင်အမည်စာရင်း ကွဲလွဲမှုများ၊ မဲဆန္ဒရှင် အမည်စာရင်းတွင် မပါဝင်ခဲ့သူများအား သတ်မှတ်ပုံစံများအလိုက် ပြင်ဆင်ဖြည့်စွက်  ဆောင်ရွက်ပေး ကြောင်း  သိရသည်။

ယင်းသို့ဆောင်ရွက်ပေးခြင်းသည် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း   ကြေညာရာတွင်   ပြည့်စုံမှန်ကန်မှုရှိစေရန်   ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)