ရွှေပြည်သာ စက်တင်ဘာ ၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ လှော်ကားနီလာဈေးနှင့် ထန်းခြောက်ပင် ပတ္တမြားဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ရန် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန်ဝေပေးခြင်းများကို ယနေ့ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ(၁၁)ဦးမင်းဟန် ဦးဆောင်သော ပြည်သူ့ကျန်းမာရေးနှင့်ဈေးများဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)