သပိတ်ကျင်း၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဌာနဆိုင်ရာ ရုံးများ၊ ဈေးများအား Global Bio Luck CO.,Ltd မှ ယမန်နေ့ နေ့လယ်က ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီမှ တာဝန်ခံ ဒေါ်ကြည်ပြာမြင့်အောင်နှင့်ဝန်ထမ်းများမှ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ချောင်းကြီး၊ ဇရပ်ကွင်း၊ (၇) မိုင်ကျေးရွာရှိ ဈေးများ၊ ရပ်ကွက်များ၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးတွင်း/ပြင်များ၊ မိလ္လာများ၊ ရေမြောင်းများအတွင်း အနံ့ဆိုးနှင့် ရေဆိုးများမှတစ်ဆင့် ခြင်ပေါက်ဖွားခြင်းနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်မဖြစ်ပွားစေရေးအတွက် ၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သောဆေးများဖြင့် အခမဲ့ဖျန်းပေးခဲ့ပြီး၊ ဆေးများ ဝယ်ယူရရှိလိုပါကလည်း ဆေးတစ်ဗူးလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)(ပြန်/ဆက်)