ညောင်တုန်းမြို့၌ နေအိမ်မှ ပြင်ပသို့ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် အခမဲ့ဝေငှပေး

ညောင်တုန်း  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် အများပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမပါရှိသူများအား အခမဲ့ဝေငှ ပေးခြင်းတို့ကို ယမန်နေ့ ညနေ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် Road Of Future Youth Network (အနာဂါတ်လမ်း လူငယ်ကွန်ရက်)နှင့် နာရေးကူညီမှုအသင်း (ညောင်တုန်း) တို့ပူးပေါင်း၍ အမှတ်()ရပ်ကွက်၊ မြို့အဝင်ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး၊ အမှတ်()ရပ်ကွက်၊ လမ်းဆုံနေရာများနှင့် လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအား ကြေညာပေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြစေရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခြင်းနှင့် တပ်ဆင်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အပြင် ဘောဂလမ်းရှိ နာရေးကူညီမှုအသင်း (ညောင်တုန်းမြို့)တွင် နှာခေါင်းစည်းများကို လူတစ်ဦးလျှင် တစ်ခုနှုန်းဖြင့် အခမဲ့လာရောက် ရယူနိုင်ကြောင်းနှင့် လူတစ်ဦးလျှင် နှာခေါင်းစည်း တစ်ဘူး ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းအခမဲ့ ဝေငှခြင်း လုပ်ငန်းများတွင်လည်း မည်သူမဆို ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)