ညောင်ရွှေ စက်တင်ဘာ ၄
COVID-19 စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၅၀) အတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာန ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးပက်ထရစ်ဗျူးက မျိုးစေ့ထုတ်လုပ်ငန်း နည်းပညာအကြောင်း ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူ (၁၂)ဦးအား မိုးစပါး မျိုးစေ့ ထုတ် စိုက်ဧက(၅၀)၏ မျိုးကွဲပယ်ခြင်း နှင့်ရိတ်သိမ်းချွေလှေ့သန့်စင်ခြင်း အတွက် တစ်ဧကလျှင် (၆၅၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၂၅၀၀၀၀) ကျပ်တိတိကို မျိုးစေ့ထုတ်တောင်သူ တစ်ဦးချင်းစီသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ကြေးပေးအပ်မှုအား နိုင်ငံတော်၏စီစဉ်ဆောင်ရွက်ပေးမှုဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင် ရွက် ပေးခြင်းဖြစ်ပြီး ပထမ အကြိမ်အဖြစ် (၄၁၇၅၀၀၀)ကျပ်နှင့် ဒုတိယအကြိမ်အဖြစ် (၃၂၅၀၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ပေးငွေ (၇၄၂၅၀၀၀)ကျပ်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ