မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင်နေထိုင်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင် နေထိုင်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်အရောက် ယနေ့နံနက်ပိုင်းအချိန် က သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ဘုတလင်မြို့နယ်တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ရွာသစ်-ရွှေလက်ကျေးရွာနှင့် လက်ပံ(ရှေ့)ကျေးရွာ တို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီး စီးမှုအခြေအနေအား ယနေ့ မွန်းလွဲပိုင်းက

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)Community Centre သို့ Save the Library in Myanmarစာကြည့်တိုက် များကွန်ရက်က နှာခေါင်းစည်း Maskများ လာရောက်လှူဒါန်း

ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွါးမှုလျော့နည်းစေရေး အတွက်ရည်ရွယ်ကာ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဗဟန်း) Community Centre သို့ ယနေ့နံနက်ပိုင်းက Save the Library in Myanmar

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ၁၄၆၂ ဒသမ ၅၀ ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စုစုပေါင်း ၁၄၆၂ ဒသမ ၅၀ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဩဂုတ်လကုန်တွင် ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး သွားခဲ့ကြောင်းနှင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်မှ (CERP)အစီအစဉ်ဖြင့် သီးနှံမျိုးစေ့စရိတ်နှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးထားကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ကော့မှူး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်နိုင်ရေး ညှိနှိုင်းဆွေးနွေး‌

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုများ တွေ့ရှိလာပါက ကြိုတင် ပြင်ဆင်မှု များ အနေဖြင့် ဆောင်ရွက်နိုင်ရန် ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းကင်းမြို့နယ်၌ COVID-19 ကပ်ရောဂါကူးစက်မှု မရှိစေရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ COVID-19 ကပ်ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့၌ ပဲပုတ်အစေ့ထုတ်စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ကွန်ပေါင်းဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုတ်မျိုးစေ့ထုတ်နှင့် ပဲပုတ်စံပြကွက်စိုက်တောင်သူများအား ကွန်ပေါင်းဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန် က အဆိုပါစိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဖာပွန်မြို့တွင် ​"ဆေးလိပ်နှင့်​ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုထိန်းချုပ်​ရေး" အသိပညာ​ပေးနံရံကပ်စာ​စောင်ပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဆေးလိပ်နှင့်​ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲမှုထိန်းချုပ်​ရေး အသိပညာ​ပေးနံရံကပ်စာ​စောင်ကို ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံး​ရှေ့တွင် ယ​နေ့နံနက် (၉) နာရီအချိန်က စိုက်ထူပြသထား​ကြောင်း သိရသည်။

မြို့နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း မြို့နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီပြင်ဆင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပျဉ်းမနားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၅)ဦး ပါဝင်ယှဉ်ပြိုင် အရွေးခံမည်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၌ လွှတ်တော် အသီးသီးအတွက် ပါဝင်ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းများကို သြဂုတ်လ ၃၀ ရက်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံ ကပ်ပြဘုတ်နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ထားလျက်ရှိ‌‌ကြောင်း သိရ သည်။
Subscribe to