စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကပါဝင်နေသောတောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်၊ တောင်သူများ နေ့စဉ်ကြုံ တွေ့နေ ရသော စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲပြဿနာများကို နည်းပညာအရ ကူညီဖြေရှင်း ပေး နိုင် ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန Call Center ကို နေပြည်တော် ရုံးအမှတ် (၄၃)၌ ဖွင့်လှစ်ထားရှိရာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၁ ရက်အထိ Hot line ဖြင့် ၁၂၃၈ ကြိမ်၊ Viber ဖြင့် ၁၅၈၇ ကြိမ်၊ Facebook ဖြင့် ၁၄၂၅ ကြိမ်၊ ကြိုးဖုန်းဖြင့် ၁၀၈၅ ကြိမ် စုစုပေါင်း (၅၃၃၅)ကြိမ် မေးမြန်းခဲ့ရာတွင် သီးနှံကာကွယ်ရေးဆိုင်ရာ အကြိမ် ၁၀၀၀၊ မြေအသုံးချရေးဆိုင်ရာ ၅၄၄ ကြိမ်၊ မျိုးစေ့ဆိုင်ရာ ၂၆၄ ကြိမ်၊ စိုက်ပညာ ဆိုင်ရာ အကြိမ် ၁၂၁၀ ၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝ ဆိုင်ရာ ၇၈၃ ကြိမ်၊ စက်မှုသီးနှံ ဆိုင်ရာ ၄၃၂ ကြိမ်၊ အထွေထွေဆိုင်ရာ ၁၁၀၂ ကြိမ်တို့ကို ဖြေကြားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။