ဖားဆောင်းမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်နှင့် အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊လုပ်ငန်းခွင်များတွင် COVID-19 ရောဂါ၊ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။