ကော့မှူး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်နိုင်ရေး ညှိနှိုင်းဆွေးနွေး‌

ကော့မှူး စက်တင်ဘာ ၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုများ တွေ့ရှိလာပါက ကြိုတင် ပြင်ဆင်မှု များ အနေဖြင့် ဆောင်ရွက်နိုင်ရန် ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအ‌ဝေးတွင် မြို့နယ်အုပ်ချုပ်ရေး ဦးထက်ဝင်းက ယခုအချိန်တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မိမိကစ ကာကွယ်နိုင် ရန်နှင့် ကြိုတင်တားဆီးကာကွယ်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန်၊ ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်၊ ညမထွက်ရ အမိန့်ကို လည်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်‌ ရောဂါကူးစက်ပုံနှင့် ကြိုတင်ကာကွယ်တားဆီး နိုင်ရေးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များက ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေး ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြ သည်။

ကျော်သူရ ကော့မှူး