ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း (၁၁)ခုမှ အသက် ၆၀နှစ်နှင့် ၈၀နှစ်အကြားရှိ သက်ကြီးရွယ်အိုများ၊ မြို့ပေါ်ရှိ မသန်စွမ်းသူများအား ထောက်ပံ့ကြေးများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း (၁၁)ခုမှ အသက်၆၀နှစ်နှင့် ၈၀နှစ် အကြားရှိ သက်ကြီးရွယ်အိုများ၊ မြို့ပေါ်(၈)ရပ်ကွက်ရှိ မသန်စွမ်းသူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ CREP အစီအစဉ်အရ ယနေ့နံနက်ပိုင်း က ကွတ်ခိုင်မြို့၊ ပြည်ထောင်စုခန်းမ၌ ပေးအပ်ထောက်ပံ့သည်။

ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်း‌ခြင်းများ ဆောင်ရွက်ခြင်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင် ရပ်ကွက်၊ အကွက်(၁၅၁)၊ ၈၃လမ်း၊ လမ်း၂၀နှင့်၂၁ လမ်းကြားရှိ လူနေတိုက်တန်းများတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ကြသည်။

ဒိုက်ဦးမြို့နယ်အတွင်းမှရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကဈေးဆိုင်များ COVID−19 စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှကြေငြာထုတ်ပြန်ထားမှုအား လိုက်နာမှု ရှိ/မရှိ ယနေ့နံနက်ပိုင်း က ဒိုက်ဦးမြို့နယ် အတွင်း မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဈေးဆိုင်များအား လိုက်လံစစ်ဆေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာတွင် CASH FOR WORK အစီအစဉ်ဖြင့် ကျေးရွာကုန်ထုတ်လမ်းနှင့် ရေဆိုးထုတ်မြောင်းတူးဖော်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကျေးလက်ဒေသေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး နှင့် အဖွဲ့၀င်များ၊  မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုး၀င်းနှင့် ၀န်ထမ်းများသည် ယမန်နေ့ (၁၁)နာရီ အချိန်က ရွှေလှေကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဂျင်းခင်းခြင်းနှင့် ရေဆိုးထုတ်မြောင်း တူးဖော်ပြီးစီးမှုကို သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် မဲဆန္ဒရှင်များနှင့် ပတ်သက်သည့် အသိပညာပေး ပြသဆောင်ရွက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပြပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံးဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များနှင့် ပတ်သက်သည့် အသိပညာပေးပို စတာများကို နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့မှစ၍ ပြသဆောင်ရွက်ထား ရှိ ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ−၇) ပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စုနှင့် စဉ့်ဆိုင်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ−၇) ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ က အဆိုပါ ကျေးရွာအုပ်စုများ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပေးအပ်ခဲ့သည်။

ဘုတ်ပြင်းမြို့ စာပေချစ်သူများ (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုး တတ်မှ’’ စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ဘုတ်ပြင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြု လုပ်သည်။

ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးဒေသန္တရအမိန့်ထုတ်ပြန်ကြေညာ

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ညမထွက်ရအမိန့်အား ရမည်းသင်းမြို့နယ်အတွင်းရှိ အများပြည်သူသိရှိလိုက်နာစေရန် ယနေ့နံနက်က လိုက်လံနှိုးဆော်ကြေညာလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့ ပြည်သူ့ဆေးရုံးတွင် Mogok Value Myanmar Traveling ကုမ္ပဏီမှ Mask ၄၁၀၀ လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပြည်သူ့ဆေးရုံအတွက် Mogok Value Myanmar Traveling ကုမ္ပဏီမှ Mask ၄၁၀၀ ခုလှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျီခါးမြို့ မီးသတ်ဦးစီးဌာန ၀န်ထမ်းအိမ်ရာ ဆောက်လုပ်မှုနှင့်‌ မြေထိန်းနံရံဆောင်ရွက်မည့် နေရာအား တာ၀န်ရှိသူများ မှကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ကျီခါးမြို့ မီးသတ်ဦးစီးဌာန ၀န်ထမ်းအိမ်ရာ ဆောက်လုပ်မှု အခြေအနေနှင့် မြေထိန်းနံရံ ပြုလုပ်မည့် အခြေအနေများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က တွန်းဇံမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်နှင့် ကျီခါးမြို့ အုပ်ချုပ်ရေး‌မှူး ဦးနေဇော်အောင် ဦးဆောင်သည့် မြို့အရည်အသွေး ကြီးကြပ်ရေး အဖွဲ့တို့က ပူးပေါင်းကွင်းဆင်း ကြည့်ရှူ စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
Subscribe to