ဘုတလင်မြို့နယ်တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဘုတလင် စက်တင်ဘာ  ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ရွာသစ်-ရွှေလက်ကျေးရွာနှင့် လက်ပံ(ရှေ့)ကျေးရွာ တို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီး စီးမှုအခြေအနေအား ယနေ့ မွန်းလွဲပိုင်းက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွာသစ်-ရွှေလက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ တွင် ခွင့်ပြုရန်ပုံငွေ ၆၄ ဒဿမ ၄ သန်းဖြင့် အလျား ၁၁၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ ကျောင်းဆောင်သစ် နှင့် လက်ပံ(ရှေ့)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ခွင့်ပြုရန်ပုံငွေ ၃၃ သန်းဖြင့် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ ကျောင်းဆောင်သစ်တို့အား သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာ ဆောက် လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါရွာသစ်-ရွှေလက်ကျေးရွာနှင့် လက်ပံ(ရှေ့)ကျေးရွာတို့ရှိ ကျောင်းဆောင်သစ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)