မင်းကင်းမြို့နယ်၌ COVID-19 ကပ်ရောဂါကူးစက်မှု မရှိစေရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်

မင်းကင်း စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ COVID-19 ကပ်ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့်   လိုက်လံ အသိပေးနှိုးဆော်ခြင်းကို  ယနေ့နံနက်   ၉ နာရီအချိန်က နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ အသိပေးနှိုးဆော်ရာတွင်  တောင်အောက်ကျေးရွာအုပ်စု၊  မြေစေးတောင်ကျေးရွာ၊  မြို့ပေါ် ရပ်ကွက်များအတွင်းရှိ  ပြည်သူများကို  COVID-19 ကပ်ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်  ရောဂါကူးစက်ပျံ့နှံမှုကို  ဆက်လက်ထိန်းချုပ်နိုင် ရန်နှင့်  ပြည်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လူစုလူဝေးရှောင်ကြဉ် ကြရန်၊ နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင် ကြရန်၊အပြင်မှ ပြန်လာပြီး တိုင်း  လက်ကိုဆပ်ပြာဖြင့် စနစ်တကျ  စက္ကန့်၂၀ခန့် ကြာအောင်ဆေးကြောသန့်စင်ကြရန်၊ ကိုယ်အပူချိန်မြင့် တက်လာပါက စိုးရိမ်မှုမရှိစေဘဲ နီးစပ်ရာဆေးရုံဆေးခန်း များသို့အမြန်ဆုံးပြသပြီး ကုသမှုခံယူကြရန် တို့ကို  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ဉီးစီးဌာနမှအသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

လှငွေ(မင်းကင်း)