ခရမ်းမြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း စစ်ဆေး
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဦးဆောင်၍ ခရမ်း မြို့မဈေးကြီး ဈေးအတွင်းနှင့် ပျံကျဈေးတို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာရောက်ဝယ်သူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းမပါရှိ သူများအား Mask များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။