ရန်ကုန် စက်တင်ဘာ ၄
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှု လျော့နည်းစေရေး အတွက်ရည်ရွယ်ကာ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ဗဟန်း) Community Centre သို့ ယနေ့နံနက်ပိုင်းက Save the Library in Myanmar စာကြည့်တိုက်များ ကွန်ရက် တည်ထောင်သူ ဦးမောင်မောင်စိုးက Mask များ လာရောက် လှူဒါန်းရာ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခိုင်ဖြိုးလင်းက လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ Mask များလာရောက်လှူဒါန်းရခြင်းသည်ယခုအချိန်တွင်၊ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွား မှုမှာပိုမို လျင်မြန်စွာကူးစက်နေသည့် အတွက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အနေဖြင့်လူထုအခြေပြု ဗဟိုဌာန(ဗဟန်း) Community Centre သို့စာဖတ်၊ စာဌားရန် လာရောက်ကြသော ကလေးငယ်များ၊ လူကြီးများ နှင့် ရုံးဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွါးမှုမှ ကြိုတင် ကာကွယ်ရန်၊ နှာခေါင်း စည်း Mask များကို မဖြစ်မနေစနစ်တကျ တပ်ဆင်ကြရန်အတွက် လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)