ဖာပွန်မြို့တွင် ​"ဆေးလိပ်နှင့်​ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုထိန်းချုပ်​ရေး" အသိပညာ​ပေးနံရံကပ်စာ​စောင်ပြသ

ဖာပွန်၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဆေးလိပ်နှင့်​ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲမှုထိန်းချုပ်​ရေး အသိပညာ​ပေးနံရံကပ်စာ​စောင်ကို ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံး​ရှေ့တွင် ယ​နေ့နံနက် (၉) နာရီအချိန်က စိုက်ထူပြသထား​ကြောင်း သိရသည်။

ဆေးလိပ်နှင့်​ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ဆိုးကျိုးများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သုံးစွဲမှုထိန်းချုပ်​ရေးအတွက် အသိပညာ​ပေးနံရံကပ်စာ​စောင်ကို ရည်ရွယ်ပြသခဲ့ခြင်းဖြစ်​ကြောင်း၊ အသိပညာ​ပေးနံရံကပ်​စာ​စောင်တွင် ​ဆေး လိပ်​သောက်ခြင်းနှင့်​ ဆေးရွက်ကြီးသုံးစွဲခြင်းတို့၏အန္တရာယ်များ၊​ ဆေးလိပ်၊​ ဆေးရွက်ကြီးသုံးစွဲသူ၏ခန္ဓာကိုယ်ပုံစံ၊​ဆေး လိပ်နှင့်​ ဆေးရွက်ကြီးသုံးစွဲခြင်းကို ​ရှောင်ကြဉ်ပါ စသည်တို့ပါဝင်​ကြောင်း သိရှိရသည်။

စိုင်း​ကျော်ဝဏ္ဏ၊ တိုး​ဝေဇင်(ပြန်ဆက်)