​ကျောက်တံတားမြို့နယ်တွင် ညမထွက်ရ အမိန့်လိုက်နာခြင်းမရှိသူများကို အရေးယူဆောင်ရွက်

​ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ်တွင် ယမန်​နေ့ ညပိုင်းက ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကာကွယ်ထိန်းချုပ်ရေးအတွက် ညမထွက်ရ အမိန့်ထုတ်ပြန်ထားရှိမှုအ​​ပေါ် လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

တာလေမြို့၌ မူးယစ်ဆေးဝါးသုံးစွဲသူများအကြား နောက်ဆက်တွဲအန္တရာယ်လျော့ချရေးနှင့် ဘက်စုံအခြေပြုကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းစဉ်များ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မှ (Access to health fund) ၏ ပံ့ပိုးမှုဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများအကြား နောက်ဆက်တွဲအန္တရာယ်လျော့ချရေးနှင့် ဘက်စုံအခြေပြု ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ အသိပညာပေး ဟောပြောပွဲနှင့် အသင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို က တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များ အကြောင် သိရှိစေရန် အသံချဲ့စက်များ ဖြင့်လိုက်လံ နှိုးဆော်

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ပုလောမြို့နယ်ရုံးမှ တာ၀န်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မေတ္တာရှင် ပရဟိတအသင်းတို့ ပူးပေါင်း၍ ပုလောမြို့ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့ နံနက်(၈) နာရီက အချိန်က လိုက်လံ နှိုးဆော် ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း(၁၉) ဦးရှိ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၉)ဦးရှိပြီး အမည်စာရင်းများကို ထုတ်ပြန်‌ကြေညာထားပြီး ဖြစ်ကြောင်းသိရသည်။

ဖောင်းပြင်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းများဆိုင်ရာ အစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ စစ်ဆေးခြင်းနှင့် ဥပဒေ၊ နည်းဥပဒေများ၊

ပဲခူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ကူညီဆောင်ရွက်ပေးနေသော ဌာနဆိုင်ရာ ဝန်ထမ်းများအားဂုဏ်ပြု ဆုများချီးမြှင့်

ပဲခူးမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၀) နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ မဲစာရင်းများ ဆောင်ရွက်ရာ တွင်ပါဝင်ကူညီပေးသောဌာနဆိုင်ရာ ဝန်ထမ်းများအား ဂုဏ်ပြုဆုနှင့်ချီးမြှင့်ငွေများ ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး၊ နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်း များကို စနစ်တကျ ဝတ်ဆင်ကြစေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီအချိန်က ဒလမြို့နယ် သင်္ဘော ဆိပ်ကမ်း၊ စည်ပင်သာယာဈေးများဖြစ်သည့် ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးတို့၌ မိဘပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကပ်ထားကြေညာ

တနင်္ဿာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ နှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် (၃၀−၈−၂၀၂၀)ရက်နေ့မှ စတင်၍ ကပ်ထားခဲ့သည်။

ရှားတောမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် (COVID-19)ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနများက ယနေ့နံနက်(၈)နာရီအချိန်၌ လူသွားလူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ မဖြစ်မနေ လမ်းထွက်သွားလာနေကြသူများကို နှာခေါင်းစည်းတပ်ဆင်ရေး၊ မြို့နယ်အတွင်း ရှိ လူစည်ကားရာနေရာများ၊ ဈေးများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် လူစုလူဝေးများ မဖြစ်စေရေး လိုက်လံနှိုးဆော်ခြင်း၊ Mask များ အခမဲ့လိုက်လံဝေငှတပ်ဆင်ပေးခြင်း၊ ဈေးများအတွင်း ဈေးသည်၊ ဈေးဝယ်များ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ရောင်းဝယ်စေရေး၊ ဈေးသည်များကလည်း Mask၊ Face Shield၊ လက်အိတ်များဖြင့်သာ ဈေးရောင်း၊ ဈေးဝယ်နိုင်ကြရန်အတွက် အခမဲ့လိုက်လံဖြန့်ဝေပေး ခြင်း၊ YBS ကား မှတ်တိုင်များတွင် လက်ဆေးကြောနိုင်ရန် လက်ဆေးဘေစင်များ ပြုလုပ်ပေးခြင်း၊ YBS ကားများပေါ်တွင် ခရီးသည်များ လက်ဆေးနိုင်ရန်အတွက လက်သန့်ဆေးရည်ဘူးများ ထားရှိပေးခြင်း၊ မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာစေရေးအတွက် အသံချဲ့စက်များဖြင့် လိုက်လံကြေငြာခြင်း၊ ပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဒေသန္တရအမိန့် ထုတ်ပြန်ချက် များ ကြေငြာပေးခြင်း အစရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်‌ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်အတွင်းရှိ (ရွှေနံသာ) ရပ်ကွက်၊ ဗဟန်းစျေးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်ရှိ မိဘပြည်သူများထံ Mask များ၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး Mask တပ်ဆင်အသုံးပြုနည်းများကိုလည်း ထပ်မံ အသိပေး လက်တွေ့ပြသ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ခဲ့ကြ​သည်။
Subscribe to