မြို့နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လပွတ္တာ      စက်တင်ဘာ      ၄

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း မြို့နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက မြို့နယ်အတွင်း Coronavirus Disease 2019(COVID-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများအား ကြီးကြပ်ရေး၊ ရောဂါဖြစ်ပွားမှုရှိ/မရှိ စောင့်ကြပ်ကြည့်ရှု ခြင်းရောဂါ လက္ခဏာပေါ်ပေါက်လာပါက အချိန်မီကုသနိုင်ရေး၊ ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ (COVID-19)ရောဂါကူးစက် ဖြစ်ပွားရာ ဒေသများမှ လာရောက်သူများမှ တစ်ဆင့်သော် လည်းကောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် အသွားအလာပိတ် ပင်တားဆီးခြင်း၊ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ (COVID-19)နှင့်ပတ်သက်သည့် အသိပညာပေးရေး၊ သတင်း ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် ရန်နှင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောက်လန့် အောင် မမှန်သတင်းဖြန့်ဝေသည့် ကောလဟလများကို ယုံကြည်မှုမရှိစေရေးအတွက် မီဒီယာများမှ တိကျမှန်ကန်သော သတင်းများအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးညှိနှိုင်း ဆောင်ရွက်ခြင်း၊ အထိတ်တလန့်ဖြစ်စေမည့် ကိစ္စများတုံ့ပြန်နိုင် ရေးဆောင်ရွက် သွားရန်နှင့် စသည့်အချက်(၁၆)ချက်ပါ လုပ်ငန်းများ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ ကြောင်း သိရသည်။

ဝင်းကျော်မြင့်(လပွတ္တာ)