ပျဉ်းမနားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၅)ဦး ပါဝင်ယှဉ်ပြိုင် အရွေးခံမည်

ပျဉ်းမနား  စက်တင်ဘာ ၄

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၌ လွှတ်တော် အသီးသီးအတွက် ပါဝင်ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းများကို သြဂုတ်လ ၃၀ ရက်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံ ကပ်ပြဘုတ်နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ထားလျက်ရှိ‌‌ကြောင်း သိရ သည်။

အဆိုပါ ကပ်ထားကြေညာရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် လောင်း(၇)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၅)ဦးမှ သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ်သည်။

ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့်‌ ကျေးရွာအုပ်စု(၂၉)အုပ်စုရှိပြီး‌ ကျေးရွာပေါင်း (၁၄၀) ရွာရှိကာ မဲဆန္ဒရှင် ဦးရေ (၁၃၂၃၂၅)ရှိပြီး၊ ဆန္ဒမဲပေးနိုင်ရန် မဲရုံ(၁၀၁)ရုံသတ်မှတ်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရ သည်။

စိုးမိုး(ပြန်/ဆက်)