ပြည်သူများသောက်သုံးရေ အဆင်ပြေစေရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်တွင် ရေဂါလံ (၁၁.၅) သန်းဆံ့ရေလှောင်ကန်တည်ဆောက်မည်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် နေပြည်သူများ သောက်သုံးရေ လုံ လောက်စွာ ရရှိစေရေး၊ပူပြင်း ခြောက်သွေ့သောနွေရာသီတွင် သောက်သုံး ရေပြတ် လပ် ခြင်းများ မဖြစ်ပေါ်စေရေးနှင့်လိုအပ်ချက်ရှိသည့်အခါ သောက်သုံး ရေလွယ်လင့် တကူဖြန့်ဝေပေးနိုင်ရေး တို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ရေပေးဝေရေးနှင့်ရေရရှိရေးဌာနနှင့် Japan International Corporation Agency JICAတို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏပန်းခြံအတွင်း ရေဂါလံ (၁၁.၅)သန်းဆံ့ ရေလှောင်ကန် တည် ဆောက်သွားမည် ဖြစ်သည်။