ညောင်ရွှေ စက်တင်ဘာ ၅
ညောင်ရွှေမြို့နယ်အတွင်း Facility Quarantine Centre များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအ တွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် COVID-19 တားဆီးကာကွယ်ရေးကော်မတီများ၊ ဌာဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများပါဝင်သော ညှိနှိုင်းအစည်းအဝေးကို စက် တင်ဘာ(၄)ရက် မွန်းလွဲပိုင်းက ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တ မြားခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက အမှာစ ကားပြောကြားပြီး တက်ရောက်လာသူများက ဆွေးနွေးရာတွင် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပနှင့် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု များပြားသည့် ဒေသများမှ ပြန်လာ သူများအား Facility Quarantine ထားရှိနိုင်ရန် Facility Quarantine Centre များ လျာထားရာ တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများအား ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစခွန့်ကျေးရွာအုပ်စု၊ မကျီးစင်ကျေးရွာရှိ အသက်မွေးပညာသင်တန်းကျောင်း၌ လည်းကောင်း၊ ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများနှင့် ပြန်လည်ဝင်ရောက်လာသူများကို ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ညောင်ရွှေမြို့နယ်အ တွင်း နေထိုင်သူများနှင့် ပြန်လည်ဝင်ရောက် လာသူများအနက် ကျန်းမာရေးမကောင်းသူများကို Hospital Quarantine အဖြစ်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌လည်းကောင်း အသီးသီးထားရှိရန် လျာ ထား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းနောက် အရန် Facility Quarantine Centre များအဖြစ် အင်းပေါခုံကျေးရွာရှိ ခေတ်ဆန်းယဉ် ယက္ကန်းရုံအားလည်းကောင်း၊ စံကားကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း အားလည်းကောင်း၊ အင်းတိန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း အားလည်းကောင်း၊ ရွာမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း အားလည်းကောင်း၊ ညောင် ရွှေမြို့၊ မြို့မရန်ကုန် ဘုန်းတော်ကြီးကျောင်းအားလည်းကောင်း အသီးသီးလျာထားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
စိုင်းအယ်ဘဲ