လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး(Mask)များ တပ်ဆင်သွားလာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

လောင်းလုံး စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး(Mask)များ တပ်ဆင် သွားလာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ညနေ ၅ နာရီက လောင်းလုံးမြို့မစျေးအနီး တံတားထိပ်၌ ရှောင်တခင်စစ်ဆေးမှု ပြုလုပ်ကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်း ပြည်သူများ နှာခေါင်းစည်း (Mask) များ တပ်ဆင် လာကြသောကြောင့် ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရန် ကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျန်းမာရေး အသိပညာပေးခြင်း များကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုပြုလုပ်ရာတွင် လောင်းလုံးမြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စုပေါင်းပြီး လောင်းလုံးမြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ လိုက်နာ ဆောင်ရွက်မှု မရှိသူများအား ကျန်းမာရေးဝန်ကြီးဌာနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်း (Mask) မတပ်သူတစ်ဦးလျှင် ဒဏ်ငွေ ၅၀၀၀ ကျပ် အပြစ်ပေးအရေးယူပြီး(Mask) များကို စနစ်တကျတပ်ဆင်မှုပြုပြီးမှ သွားလာကြပါရန် အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)