ထန်းတပင်မြို့နယ်၌ Community Base Quarantine Centre အဖြစ် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းကို သတ်မှတ်သွားမည်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးတို့အတွက် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းကို Community Base Quarantine Centre အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ရှမ်းရွာသစ်မြို့ စောလောကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ် အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ် များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ကွီးလော်ဖလိုးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျိုက်လတ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နေ့လယ်(၁)နာရီက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး အစည်းအဝေးကျင်းပခဲ့သည်။

ဇလွန်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး ကြိုတင်၍ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုကို ယနေ့နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။

ပြည်မြို့အဝင်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ နေ့စဉ် စစ်ဆေးမှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ရန်ကုန်ဘက်မှပြည်မြို့အဝင်(ဆင်မကြပ်)လမ်းဆုံ၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ မော်တော်ယာဉ် များနှင့်ခရီးသွားများကို ခရီးသွားရာဇဝင်နှင့် နေရပ်လိပ်စာများမေးမြန်းစစ်ဆေးခြင်း၊ ထောက်ခံစာများ ကြပ်မတ်စစ်ဆေးခြင်းနှင့်အပူချိန်တိုင်းတာ၍ ကျန်းမာရေးစစ်ဆေးခြင်း များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျွန်းစုမြို့တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှု ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှု ရှိ၊ မရှိ ကို ယမန်နေ့ နံနက်ပိုင်းက သန္တုတ်ကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ၌ MASKတပ်ဆင်သွားလာခြင်းမရှိသော ပြည်သူများအား အသိပညာပေး ခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သော အမှတ်(၁)ရပ်ကွက်၊ ရန်ကင်း လမ်း၊ ၁၂ လုံးတန်းကားဂိတ် နှင့် မီးပွိုင့်အနီး နေရာ များ တို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့တွင် စားသုံးရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး

စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ အကာအကွယ်ပေးရေးအတွက် မိတ် ဖက်ဌာန ဆိုင်ရာများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်အတွင်းရှိ ဈေးရောင်း ချသူများ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး၍ စားသုံးရန် မသင့်သည့် လူသုံးကုန်ပစ္စည်းများ အား မီးရှို့ဖျက်ဆီးခြင်းကို ယမန်နေ့ နေ့လည်ပိုင်း က အဆိုပါရုံးဝင်းအတွင်း ဖျက်ဆီးခဲ့ကြကြောင်းသိရ သည်။

တနင်္သာရီမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌမှ အောင်မင်္ဂလာဈေး(၂)မှ ဈေးသူ/သား များ အား Covid-19ရောဂါတားဆီးကာကွယ်ရေးလမ်းညွှန်ချက်များနှင်အညီရောင်းချရေး တွေ့ ဆုံ မှာကြား

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဝေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်အောင်မင်္ဂလာဈေး(၂)အတွင်း ဈေးဆိုင်ခန်းများမှာရောင်းချနေကြသော ဈေးဆိုင်ခန်းရှင် များအား တွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များကို တိကျစွာလိုက်နာ၍ ဆပ်ပြာရည်ဖြင့် စနစ်တကျ လက် ဆေးကာ Mask တပ်ဆင်ပြီးမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချရန်နှင့် နေ့စဉ်အမှိုက်

မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် စုပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လူစည်ကားသော လမ်းဆုံများ၊ ပျံကျစျေးများတွင် (mask) နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများကို ယနေ့နံနက်(၆)နာရီက စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to