လွယ်ဂျယ် စက်တင်ဘာ ၅
ဗန်းမော်ခရိုင်၊လွယ်ဂျယ်မြို့၌ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် COVID -19 ရောဂါကူးစက်မှုမဖြစ်စေရေး အတွက် ကာကွယ်ရေးနည်းလမ်းဖြစ်သည့်Mask များတပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅နာရီ ခွဲမှစ၍ မြို့ပေါ်ရပ် ကွက် များအတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောက်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ဦးစီးမှူး ဦးထွန်းထွန်းနိုင်တို့ ပူးပေါင်း၍ COVID-19 ရောဂါမကူးစက်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက် ရေးနှင့်ပြည်သူများအနေဖြင့် လူစည်ကားရာနေရာများသို့ သွားလာခြင်းနှင့် အိမ်အပြင်ထွက်ပါက မဖြစ်မနေ MASK တပ်ဆင်ပြီးမှထွတ်ကြရန်နှင့် MASK မတပ်ဆင်ပဲတွေ့ရှိပါက ပထမအကြိမ် အနေဖြင့် MASK ဝယ်ယူတပ်ဆင်စေမည် ဖြစ်ပြီး ၁၀ -၉ -၂၀၂၀ နောက်ပိုင်း MASK မတပ်ဆင်ဘဲ သွားလာခြင်းတွေ့ရှိပါက သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လက်ကိုင်မိုက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)