ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံး ရှုံးစေရေး အတွက် မှတ်ပုံတင် မရှိသေးသူများအား ရပ်ကွက်များအလိုက် ကွင်းဆင်း ဆောင် ရွက် ပေးလျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကျီတော်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်ခိုင်နှင့် ဝန်ထမ်းများ က မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ကျီတော် ရပ်ကွက်ရှိ အသက် (၁၈) နှစ် ပြည့် ပြီးသူများထဲမှ မှတ်ပုံတင်မရှိသူများ၊ အသက် (၁၈) နှစ်ပြည့် လဲလှယ်မည့်သူများ၊ မှတ်ပုံတင် ပျက်စီး သူများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက ဆောင်ရွက် ပေးနိုင်ရန်အတွက် သေချာစွာစိစစ်၍ ဆောင်ရွက် ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ လိုက်နာကာ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ် တကျ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်တာဝန်ရှိ သူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က လိုအပ်သည်များ ကူညီ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)