ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် Mask ပေးဝေမှုများ ဆောင်ရွက်

မန္တလေး စက်တင်ဘာ ၅

ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် Maskပေးဝေမှုများကို ယမန်နေ့ နံနက် ပိုင်းက မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း၊ ၃၆လမ်းမီးပွိုင့်လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

"ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရန်နဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းရဲ့ ဥပဒေ ပြစ်မှု ပြစ်ဒဏ်တွေကို သိရှိရန် ရည်ရွယ်ပြီးတော့ ဒါတွေလုပ်တယ်။ လက်ကမ်း စာစောင်တွေ ဝယ် တယ်။ ဦးထုပ်တွေ သေချာဆောင်းဖို့ ရှေ့မီးနောက်မီးတွေ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၇၆ (ခ) မှာ ပြဌာန်းထားတဲ့ အတိုင်း နေ့ညမီးတွေ ဖွင့်မောင်းဖို့ အသိပညာပေးတယ်။ အသိ ပညာ ပေးခြင်း အပြင် ပြည်သူတွေအတွက် အကျိုးပြုလုပ်ငန်းဖြစ်တဲ့ COVID – 19 ရောဂါ ဖြစ် နေတဲ့ အချိန်မှာ တတ်နိုင်သလောက် Maskတွေ ဝေတယ်။ အခုဆိုရင် Mask ၁၅၀၀ ဝေငှတယ်။

အခုကတော့ ရှေ့မီးဖွင့်မောင်းနေတာတွေကတော့ အရင်ကထက်ဆိုရင် တော်တော်များများ မောင်းလာ တာတွေ့ရတယ်။ ကျွန်တော်တို့ကလည်း တာဝန်ကျရာ တပ်ခွဲစုအလိုက် အသိပညာ ပေးတာတွေ ရှိတယ်။ အဲဒါကြောင့်မို့ ရှေ့မီးတွေ ဖွင့်မောင်း လာတာတွေရှိတယ်။ ဒီကြားထဲမှာ မော်ဒယ်နိ မ့်ဆိုင်ကယ်တွေက ရှေ့မီးဖွင့်မောင်းဖို့ရာ အခက်ခဲလေးရှိတယ်။ ဒါတွေကိုလည်း များများအသိပညာပေး ဆောင်ရွက်နေတယ်။ ဥပဒေပြဌာန်းပြီးသားဖြစ်တဲ့ နေ့ညမီးတွေကို ဖွင့်မောင်းခြင်းအားဖြင့် ယာဉ် အန္တရာယ် ကင်းရှင်းရေးကို ရည်ရွယ်ပြီးတော့ ပညာပေးနေခြင်း ဖြစ် တယ်။ " ဟု မဟာအောင်မြေမြို့နယ် အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတပ် ဖွဲ့ခွဲ တပ်ဖွဲ့စု ၉၀မှ ဒုရဲမှူး ဦးသောင်းထိုက်ဦးက ပြောသည်။

အသစ်ပြဌာန်းထားသော မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေတွင်ပါဝင်သော ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းနှင့့်ပက်သတ်သည့် လက်ကမ်းစာစောင်(၁၅၀၀)အားပေးဝေ၍ ပြစ်မှုနှင့် ပြစ် ဒဏ် များအား အသိပညာပေးခဲ့ပြီး Covid - 19 ပျံ့ပွားမှု မဖြစ်စေရေးအတွက် Mask (၁၅၀၀) ခုအား မျှဝေပေးခဲ့ကြောင်း သိရသည်။

 ထိပ်ထားနိုင်