ကာလိ စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ၊ အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် သာသ နာ ဟေ့ဟိန်းမင်္ဂလာစုမ့်မိန်းစေတီ ဝန်းအတွင်း၌ စုပေါင်းကုသိုလ်ယူသန့်ရှင်းရေး ပြုလုပ် ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ သာသနာဟေ့ဟိန်းမင်္ဂလာစုမ့်မိန်းစေတီသည် မိုင်းဖုန်းဆရာတော် မှ ဦးဆောင်မှုဖြင့် အလှူ ရှင်များ နှင့် တည်ဆောက်ခဲ့ သည့် စေတီဖြစ်ပြီး ယခုအခါ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စေတီသို့ လာရောက်ဖူးမျှော်သည့် ပြည်သူများ မရှိသလောက်နည်းပါးသဖြင့် စေတီကျောင်းဝန်း အတွင်းတွင် မြက်ချုံများထူထပ်လျက်ရှိ၍ ကာလိမြို့ အမှတ်(၁၅၁) ခြေလျင် တပ်ရင်းမှ ဗိုလ်မှူး ကျော်သက်ဦး နှင့် တပ်မတော်သားများ၊ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ အုပ်ချုပ် ရေးမှူး ဦးရဲမင်း ထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူ နှင့် ကျောင်းဂေါပကအဖွဲ့ဝင်များ ပူးပေါင်း၍ စုပေါင်းကုသိုလ်ယူသန့်ရှင်းရေး သွားရောက် ဆောင် ရွက်ခဲ့ရာ ကျောင်းဂေါပက အဖွဲ့ဝင် များမှ အရညဝါသီ အဂ္ဂမဟာကမ္မဌာနာစရိယ မိုင်းဖုန်း ဆရာတော်ဘုရား ဘဒ္ဒန္တဉာဏသံဝရ၏ နံနက် ပိုင်း၊ ညပိုင်း ဘုရားရှိခိုးဝတ်ရွတ်စဉ် စာအုပ် များနှင့် ထေရုပ္ပတ္တိအကျဉ်း၊ထေရုပ္ပတ္တိကဗျာ သြဝါဒ စာစု စာအုပ်များတို့အား စေတီ ကျောင်းဝင်း အတွင်း စုပေါင်းသန့်ရှင်းရေး လာရောက် ဆောင်ရွက်သည့် စေတနာရှင်များအား မေတ္တာ လက်ဆောင် ပြန်လည်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဝင်းကျော်(ကာလိ ပြန်/ဆက်)