ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် နေပြည်သူများ သောက်သုံးရေ လုံ လောက်စွာ ရရှိစေရေး၊ပူပြင်း ခြောက်သွေ့သောနွေရာသီတွင် သောက်သုံး ရေပြတ် လပ် ခြင်းများ မဖြစ်ပေါ်စေရေးနှင့်လိုအပ်ချက်ရှိသည့်အခါ သောက်သုံး ရေလွယ်လင့် တကူဖြန့်ဝေပေးနိုင်ရေး တို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ရေပေးဝေရေးနှင့် ရေရရှိရေးဌာန နှင့် Japan International Corporation Agency JICAတို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏပန်းခြံအတွင်း ရေဂါလံ (၁၁.၅)သန်းဆံ့ ရေလှောင်ကန် တည် ဆောက်သွားမည် ဖြစ်သည်။
အဆိုပါရေလှောင်ကန်တည်ဆောက်မည့်နေရာသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရေပေးဝေရေးနှင့် ရေရရှိရေး ဌာနမှ တာဝန်ရှိသူနှင့် သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူတို့သည် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)