သင်္ဃန်းကျွန်းမြို့နယ်အတွင်း COVID-19 ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်က

မိုင်းဆတ်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခြင်းကို စက်တင်ဘာ ၆ ရက်နေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မြိတ်မြို့နှင့် ကော့သောင်းမြို့များတွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ဇာနည်ထွန်း ဦးစီး ပူးပေါင်း အဖွဲ့သည် စက်တင်ဘာလ ၄ ရက် နေ့လည် ၂နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ စက်ဝင်း ရပ်ကွက်၊ ငုဝါ(၂)လမ်းတွင် စောင့်ဆိုင်းနေစဉ် ၎င်းလမ်းအတိုင်း နေလင်း(၄၆)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် ရပ်တန့်ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီအိတ်အတွင်းမှ WY စိတ်ကြွရူးသွပ် ဆေးပြား(၃၂၁)ပြား နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိ သဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ဆန်အိတ်များသွားရောက်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က စက်တင်ဘာလ ၅ ရက်နေ့တွင် ဆန်အိတ်များ သွားရောက်လှူဒါန်းခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ သိရှိလိုက်နာပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို ထွေ/အုပ်၊ ကျန်းမာရေး၊ ပြန်/ဆက်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့က မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ချင်းဆိုင်ကျေးရွာတွင် ဧရာမင်းမိုးစပါး(RS-CS)မျိုး ထုတ် ကွက်အား ပေါင်းမြက်ရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာအုပ်စု၊ချင်းဆိုင်ကျေးရွာတွင် ကိုဗစ် -၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုအပေါ်သက်သာရေးစီမံချက် (CERP) အရ မျိုးစေ့ထုတ် စံပြ စိုက်ခင်းများမှ မျိုးကောင်းမျိုးသန့်များရရှိကာ တောင်သူလယ်သမားများထံ ဆက်လက် ဖြန့်ဖြူး နိုင်ရန်ရည်ရွယ်၍ ဧရာမင်းမိုးစပါး( Rs-Cs ) မျိုးစေ့ထုတ်စိုက်ခင်းအား စက်တင်ဘာ ၅ရက်နေ့ ၈နာရီအချိန်က တောင်သူ ဦးမောင်မြင့်လေး၏လယ်ကွင်းတွင် ပေါင်းမြက် ရှင်းလင်း ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (Covid-19 Economic Relief Plan-CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် လုပ်ငန်းအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်

ကိုဗစ် -၁၉စီးပွားရေးကုစားမှု( Covid-19 Economic Relief Plan-CERP) အစီအစဥ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင်ရပ်စောက်မြို့နယ်၊ အလယ်​ချောင် ကျေးရွာအုပ်စု၊ ​တောင်​ကွေး ကျေးရွာ၊ဘက်စုံသုံး​ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ် ကိုဗစ် ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်ဟုန်မြှင့် ဆောင်ရွက်

ကိုကိုးကျွန်းမြို့နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ပထမအခေါက်ခရီးစဉ်ကို

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ (CERP) ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုး‌စေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊‌ရွှေဘိုမြို့နယ်၊‌ကျောက်မြောင်းမြို့တွင်ကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီ အစဉ်အရ (CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုး‌စေ့ထုတ်‌တောင်သူများအား ထောက်ပံ့ ငွေ‌ ပေးအပ်ပွဲကို ယနေ့‌‌ နံနက် ၉ နာရီ အချိန်တွင်ကျောက်‌မြောင်း မြို့စိုက်ပျိုးရေး ဦးစီးဌာနရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project -VRFP) ဖြင့် ကျေးရွာ(၅)ရွာတွင် အထည်ဖော်ဆောင်ရွက်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတို့တွင် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project -VRFP)ဖြင့် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်းသိရသည်။
Subscribe to