မြို့တွင်းမြို့ပြင်သွားလာရာတွင် နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများက စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

မဲဆန္ဒရှင်စာရင်းများ တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူရေး စနစ်မှန်ကန်ရေး အသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ စယ်အူကျေးရွာ၊ စယ်အူဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မဲဆန္ဒရှင်စာရင်းများ တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူရေး၊ စနစ်မှန်ကန်ရေး အသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

မင်းတပ်မြို့တွင်းရှိ ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ သွားလာသူများကို နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေး​ဝေခြင်းကို Mindat COVID-19 Volunteer အဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့ရှိ လမ်းဆုံလမ်းခွနေရာများနှင့် မြို့မစျေးရှေ့တွင် ပြုလုပ်ကြကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ အခြေခံလူတန်းစားများအတွက် ငွေကြေးထောက်ပံ့နိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နေ့လယ် (၁၁)နာရီက ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကြီးမှူး၍ ပြည်သူ့ လွှတ်တော်

ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို CERP အစီအစဉ်အရ ဒုတိယအကြိမ် ထပ်မံ‌ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ရောဂါကာလ အတွင်း စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ ဒေသခံတောင်သူများကို မျိုးကွဲနှုတ်ပယ်ခြင်းနှင့် မျိုးသန့်စင်ခြင်းအတွက် ထောက်ပံ့‌ငွေများ ပေးအပ်ထောက်ပံ့လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့နယ်စိုက်ပျိုး‌ရေးရုံးတွင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို ဒုတိယအကြိမ်အဖြစ် ထပ်မံပေးအပ်ထောက်ပံ့သည်။

‌ဝေါလေမြိုင်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စာရေးများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေတာရှည်မြို့နယ်ရှိ မေတ္တာဥယျာဉ် ရှင်သာမဏေ ပြုစုပျိုးထောင်ရေး နှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ပရဟိတကျောင်းသို့ အမိုးသွပ် ၄၀၀ ချပ် လှူဒါန်း

ရေတာရှည်မြို့နယ် မြို့လှမြို့ မေတ္တာဥယျာဉ် ရှင်သာမဏေပြုစုပျိုးထောင်ရေးနှင့် မိဘမဲ့ ကလေး စောင့်ရှောက်ရေး ပရဟိတကျောင်းတိုက်သို့  အမိုးသွပ် ၄၀၀ ချပ်ကို တောင်ငူခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသူဟန်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့လှူဒါန်းခဲ့သည်။

မိုင်းလုံမြို့တွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးများကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီခန့်က ထိုးနှံ၊ တိုက်ကျွေး ခဲ့ကြောင်း သိရသည်။

အမာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အမာမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့သည်။
Subscribe to