ကျောက်မြောင်း စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့တွင်ကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီ အစဉ်အရ (CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်တွင်ကျောက်မြောင်း မြို့စိုက်ပျိုးရေး ဦးစီးဌာနရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းမှ(CERP)ဖြင့် မိုးစပါးမျိုးစေ့ ထုတ်လုပ်မှုလုပ်ငန်းရည်ရွယ်ချက်များနှင့် ထောက်ပံ့ငွေပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် ထောက်ပံ့ငွေပေးအပ်ရာအုန်းပေါက် ကျေးရွာမှတောင်သူများ ကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းထွန်းက လက်ခံရယူခဲ့ပြီး ထောက်ပံ့ငွေပေးအပ်သည့်အတွက် စိုက်ပျိုး ရေးဦးစီးဌာနရုံးနှင့်ဝန်ထမ်းများအားအထူးပင် ကျေးဇူး တင်ရှိကြောင်းပြောကြားခဲ့သည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)