ပင်လောင်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က စက်တင်ဘာလ ၅ ရက်နေ့တွင် ဆန်အိတ်များ သွားရောက်လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ ကာလအတွင်း ပင်လောင်းမြို့နယ်အတွင်း ဘုန်းကြီးကျောင်းများရှိ ဆရာတော် သံဃာတော်များ ဆွမ်းဆန်စိမ်း အခက်အခဲမရှိစေရန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဆန်အိတ် ၉၀၀ ကို လှူဒါန်းသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့က ဆန်အိတ် ၄၅၀ ကို လှူဒါန်းခဲ့ပြီးဖြစ်ရာ ကျန်ရှိသောဆန်အိတ် ၄၅၀ ကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်။
ထိုသို့ လှူဒါန်းရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ သွားရောက်လှူဒါန်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)