‌ဝေါလေမြိုင်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စာရေးများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေတာရှည်မြို့နယ်ရှိ မေတ္တာဥယျာဉ် ရှင်သာမဏေ ပြုစုပျိုးထောင်ရေး နှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ပရဟိတကျောင်းသို့ အမိုးသွပ် ၄၀၀ ချပ် လှူဒါန်း

ရေတာရှည်မြို့နယ် မြို့လှမြို့ မေတ္တာဥယျာဉ် ရှင်သာမဏေပြုစုပျိုးထောင်ရေးနှင့် မိဘမဲ့ ကလေး စောင့်ရှောက်ရေး ပရဟိတကျောင်းတိုက်သို့  အမိုးသွပ် ၄၀၀ ချပ်ကို တောင်ငူခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသူဟန်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့လှူဒါန်းခဲ့သည်။

မိုင်းလုံမြို့တွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးများကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီခန့်က ထိုးနှံ၊ တိုက်ကျွေး ခဲ့ကြောင်း သိရသည်။

အမာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အမာမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့သည်။

လဲချားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရပ်ကွက် /ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်ခန့်က သီရိဟံသာ ခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်တလုံးကြီးမြို့မဈေး နှင့် မြို့မဈေးရှေ့ ကျောက်တလုံးကြီး တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီးတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း နှင့် အသိပညာ ပေးခြင်းကို ယနေ့နံနက် ၇ရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး အသိပညာပေး ဆောင်ရွက်

မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အသိပညာပေးခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

မိုးမောက်မြို့နယ်၌ ငှက်ဖျားကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာအုပ်စုတွင် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ် နိုင်‌ရေးအတွက် ဆေးစိမ်ခြင်ထောင်(၁၀၀၀)လုံးကို စက်တင်ဘာလ ၅ ရက်နေ့က ပြည်သူများ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့သည်။

ကာလိမြို့ပြည်ထောင်စုလမ်းမကြီး၌ နှာခေါင်းစည်း (Mask) အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ယနေ့ နံနက်(၈)နာရီ အချိန်က ကာလိမြို့ မြို့မဈေးအနီး၊ ပြည်ထောင်စုလမ်းမကြီး၌ နှာခေါင်းစည်း (Mask) အခမဲ့ပေးဝေလှူဒါန်းခြင်း နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းသွားလာနေကြသော ပြည်သူများမှာ Social Distancing နှင့်အညီ စနစ်တကျလိုက်နာကြပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူများ နည်းပါးလျက်ကြောင်း သိရသည်။
Subscribe to