မိုင်းဆတ်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်

မိုင်းဆတ် စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခြင်းကို စက်တင်ဘာ ၆ ရက်နေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ရရှိထားသော လူရည်ချွန်စံနှုန်းများ ကျဆင်း မသွားစေရေး၊ ဆက်လက်တိုးတက်အောင် ကျောင်းစာပေပညာတွင် သာမကဘဲ အခြားနယ်ပယ်များတွင် ထူးချွန်ထက်မြက်မှုရှိစေရေးနှင့် အစဉ်တစိုက် လေ့လာသင် ယူကြရန် အားပေးတိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် တာဝန်ရှိသူတို့က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းနှင့် ဂုဏ်ပြုမှတ်တမ်း များပေးအပ်ရာ အထက(မိုင်းဆတ်)မှ လူရည်ချွန် ဒသမတန်းကျောင်းသား မောင်ကျယောခမ်း၊ နဝမတန်း ကျောင်းသူ မခိုင်မာမြင့်၊ အဋ္ဌမတန်းကျောင်းသူ မလဲ့လဲ့ဝင်းနှင့် အထကခွဲ(လ-၂)မှ လူရည်ချွန် နဝမတန်း ကျောင်းသား မောင်မိုးမြင့်အောင်၊ အဋ္ဌမတန်း ကျောင်းသား စိုင်းဇော်ထွန်းလင်းတို့က လက်ခံရယူခဲ့ပြီး အထက(မိုင်းဆတ်)မှ လူရည်ချွန် နဝမတန်းကျောင်းသူ မခိုင်မာမြင့်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)