မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မိုင်းယောင်း စက်တင်ဘာ ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ သိရှိလိုက်နာပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို ထွေ/အုပ်၊ ကျန်းမာရေး၊ ပြန်/ဆက်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့က မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် Mask ကိုတပ်ဆင်ရန်၊ လက်ကို စနစ်တကျဆေးရန်၊ Social Distancing ကို တိတိကျကျလိုက်နာရန် စသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန် အသိပေးကြေညာချက်များ၊ ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ကာကွယ်ပါ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရန်၊ ပွဲလမ်းသဘင်၊ အခမ်းအနားပြုလုပ်ခြင်းမှ ရှောင်ကျဉ်ရန်၊ မိမိနေအိမ်အတွင်း နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင်လည်းကောင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင်လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ပြည်သူများ သိရှိလိုက်နာစေရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း