ကျောက်မဲမြို့နယ်ရှိ Facility Quarantine တွင် အသွားအလာကန့်သတ်စောင့်ကြည့်သူ ၂၆ ဦးရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine) ၂ ခုဖြစ်သည့် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းနှင့် ရက်ကန်းကျောင်းတို့တွင် ယမန်နေ့အထိစာရင်းအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ စုစုပေါင်း ၂၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာတွင် ပညာမိုးစက်စာကြည့်တိုက် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာရှိ ပညာမိုးစက်စာကြည့်တိုက်၌ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် စာပေဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့၌ ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများအား ကြေညာထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်(၂)ခု၌ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းများကို ကြေညာချက်ပုံစံ (၆-က)၊ ပုံစံ(၁၀)များဖြင့် ကြေညာထားရှိကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ယာယီပျံကျဈေး၌ (Mask) နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန် Mask နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ယာယီပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် Mask တပ်ဆင်ခြင်း ရှိ/ မရှိ အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီခန့်က အောင်လံ-သရက် ပဲ့ထောင်ဆိပ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် Mask တပ်ဆင်ခြင်း ရှိ/ မရှိစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၄)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၅ ရက်နေ့ညနေ (၆)နာရီအချိန် က(၁၁)ဦး နှင့် ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန် က (၃)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၄)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အထူးရဲ (၂၈၄)ဦး ခန့်အပ်သွားမည်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၈၄) ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းကို ယမန်နေ့တွင် ငရုတ်ကောင်းမြို့(အထက)ရှိ ရွှေရတုခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်၌ လျှပ်စစ်ဓါတ်အားလိုင်းကြိုးမလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်အတွင်း၌ လျှပ်စစ်အန္တရာယ် ကင်းဝေး စေရန်အတွက် လမ်းဘေး ဝဲ/ယာတစ်လျှောက်  ဓါတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်း ကြီးများ

ပင်လုံမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဆော်ဩခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်းများ အသိပညာပေးခြင်း၊ ရှောင်ရန်/ဆောင်ရန်များအား ပအိုဝ်းဘာသာစကား၊ ရှမ်းဘာသာစကား၊ မြန်မာဘာသာစကားဖြင့် လှည့်လည်ဆော်ဩပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန် လက်ကမ်းစာစောင်များ၊ လူစည်ကားရာနေရာများ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာနှင့် ဗွီနိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းများအား စက်တင်ဘာလ ၅ ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to