သင်္ဃန်းကျွန်း စက်တင်ဘာ ၇
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိလူစည်ကားရာနေရာများ၊ ဈေးများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ဘတ်စ်ကားစီး ခရီးသည်များနှင့် လမ်းများပေါ်တို့တွင် နှာခေါင်းစည်း Mask များ တပ်ဆင် ကာကွယ် သွားလာကြစေရေးတို့အတွက် လိုက်လံနှိုးဆော်ခြင်းများနှင့် MASK(နှာခေါင်းစည်း) များကို အခမဲ့ လိုက်လံ ပေးဝေခြင်းများကို သင်္ဃန်းကျွန်းမြို့နယ် COVID -19 ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်ကြက်ခြေနီ အသင်း၊ ပရဟိတအသင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ COVID-19 ကာကွယ် ထိန်းချုပ်ရေးများကို ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းထိပ်များတွင် မိမိတို့ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာသူများ အား ကိုယ်အပူချိန်တိုင်းခြင်း၊ Mask တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက် ဆေးစေခြင်း များကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ပြုလုပ်ကာ COVID-19ထိန်းချုပ် ကာကွယ်ရေးများကို အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)