ခန္တီးခရိုင်အတွင်း CERP အစီအစဉ်အရ ဆောင်ရွက်မည့် မိုးစပါးမျိုးစေ့ထုတ်ကွက် ( ၃၃၉ ) ဧက အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀ ကျော် ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း CERP အစီအစဉ် အရ ဆောင်ရွက်မည့် မိုးစပါး မျိုးစေ့ထုတ်ကွက် ( ၃၃၉ ) ဧကအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၃ ဒသမ ၄၁၅ လွဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ခနီ္တးခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းဝေး ခန်းမ၌ ကျင်းပရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုမော်လွင်က ထောက်ပံ့ငွေပေး အပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခနီ္တးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး များထံသို့ ထောက်ပံ့ငွေများ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုဗစ် -၁၉ ကာကွယ်ရေး အတွက် နှာခေါင်းစည်း(Mask) များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ပြည်သူများအားလုံး နေအိမ်ပြင်ပထွက်ခွာရာမှာ Mask များ တပ်ဆင်ကြရန် အတွက် မြို့နယ်နှင့် ရပ်ကွက် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ  ဦးမြတ်စံလမ်းအတွင်းရှိ စျေးရောင်းချရာနေရာများ၌ စျေးလာဝယ်သူနှင့် စျေးရောင်းချသူ ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လပွတ္တာ၌ ရပ်ကွက်/ကျေးရွာအုပ်စုများကို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြိုနယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ရပ်ကွက်/ကျေးရွာအုပ်စုတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင် သင်တန်းကို ရွေးနဒီခန်းမနှင့် အ.ထ.က (၁)ကျောင်းတို့တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်(င)ရပ်ကွက်ရုံးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာများသွားရောက်ရာတွင် အသုံးပြုနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံများကို ယမန်နေ့ နံနက် ၁၀နာရီက အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များ ဈေးကွက်အတွင်း ‌ထပ်မံ ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်စည်ပင်သာယာရေးမြို့မစျေးကြီးအတွင်း ရောင်းချနေ သောဈေးဆိုင်များတွင် စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အစားအသောက်များဈေးကွက်အတွင်း ‌ထပ်မံ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းထုတ်ပြန်ကြေညာ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာထားလျက် ရှိပါသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး  နှာခေါင်းစည်း Mask (၅၀၀၀)အခမဲ့ဖြန့်ဝေ ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန် ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်ရှိ  စျေးများ၊ ကားမှတ်တိုင် များနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းMask(၅၀၀၀) ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌‌ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်ရှိ သွားလာမှု ကန့်သတ်နယ်မြေများတွင်ထားရှိသည့် နေရပ်ပြန်(၅၇)ဦး၊ ရခိုင်ပြည်နယ် ပြန်(၂)ဦးနှင့်( Case - 1160)နှင့် ဆက်စပ်သူ (၁)ဦး စုစုပေါင်း(၆၀)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးနိုင်ရေး ဓာတ်ခွဲနမူနာရယူ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ရတနာပင် စည်ဘုန်းတော်ကြီး ကျောင်းတိုက် ၊ ညောင်ပင်လှမူလတန်းလွန်ကျောင်းနှင့် ညောင်ပင်သာကျေးရွာရှိ Community Base Facility Quarantine Center များတွင် ထားရှိသည့် နေရပ်ပြန်၊ ရခိုင်ပြည်နယ်ပြန်နှင့် COVID - 19 ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ဆက်စပ်သူများအနက် ပြည်ပပြန်(၅၇)ဦး၊ ရခိုင်ပြည်နယ်ပြန်(၂) ဦး၊ ပိုးတွေ့ အတည်ပြုလူနာ (Case-1160)နှင့် ဆက်စပ်သူ(၁)ဦး (အသက် ၄၄ နှစ်ရှိ အမျိုးသမီး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စာတိုက်ရုံးဝန်ထမ်း) တို့ထံမှ  COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက်  နှာခေါင်းနှင့် အာခေါင်တို့ဖတ် Swab များအား ယနေ့နံနက်က ရယူခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့ရှိ လက်ဘက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာမှုရှိ/မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိလက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို ယမန်နေ့ ၊ နံနက် ၁၁ နာရီအချိန်က လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to