စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ချင်းဆိုင်ကျေးရွာတွင် ဧရာမင်းမိုးစပါး(RS-CS)မျိုး ထုတ် ကွက်အား ပေါင်းမြက်ရှင်းလင်း

ကလေး စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာအုပ်စု၊ချင်းဆိုင်ကျေးရွာတွင် ကိုဗစ် -၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုအပေါ်သက်သာရေးစီမံချက် (CERP) အရ မျိုးစေ့ထုတ် စံပြ စိုက်ခင်းများမှ မျိုးကောင်းမျိုးသန့်များရရှိကာ တောင်သူလယ်သမားများထံ ဆက်လက် ဖြန့်ဖြူး နိုင်ရန်ရည်ရွယ်၍ ဧရာမင်းမိုးစပါး( Rs-Cs )  မျိုးစေ့ထုတ်စိုက်ခင်းအား စက်တင်ဘာ ၅ရက်နေ့ ၈နာရီအချိန်က တောင်သူ ဦးမောင်မြင့်လေး၏လယ်ကွင်းတွင် ပေါင်းမြက် ရှင်းလင်း ခဲ့ကြောင်း သိရသည်။

ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းအားပေါင်းမြက်ရှင်းလင်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု လက်ထောက်ဦးစီးမှူးဦးဝင်းမင်းဦးနှင့်ဝန်ထမ်းများက တက်ရောက်လာကြည့် တောင်သူ လယ် သမားများအား ပေါင်းမြက်ရှင်းလင်ရာတွင် သိရှိရမည့်အကြောင်းအရာများ၊ စိုက်ပျိုးရေး အသိ ပညာပေးခြင်း များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)