လဲချားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

လဲချား စက်တင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရပ်ကွက် /ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပညာပေး သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် နာရီခွဲ အချိန်ခန့်က သီရိဟံသာ ခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းတင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်တို့မှ အသီးသီးအဖွင့်အမှာစကားကြားခဲ့သည်။

အဆိုပါ သင်တန်းတွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်း လမ်းညွှန်၊ ကြိုတင် ဆန္ဒမဲ ပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေညာခြင်းစသည့် ရွေးကောက်ပွဲ ဆိုင်ရာ အကြောင်းအရာများကို  ညနေ နာရီခွဲ အချိန်ထိ သင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)