ကာလိမြို့ပြည်ထောင်စုလမ်းမကြီး၌ နှာခေါင်းစည်း (Mask) အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

ကာလိ  စက်တင်ဘာ   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ယနေ့ နံနက်(၈)နာရီ အချိန်က ကာလိမြို့ မြို့မဈေးအနီး၊ ပြည်ထောင်စု လမ်းမကြီး၌ နှာခေါင်းစည်း (Mask)  အခမဲ့ပေးဝေလှူဒါန်းခြင်း နှင့်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  မြို့တွင်းသွားလာနေကြသော ပြည်သူများမှာ Social Distancing နှင့်အညီ စနစ်တကျလိုက်နာကြပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူများ နည်းပါးလျက်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ကာလိနယ်မြေရဲစခန်းမှ ရဲအုပ်လှဟန် နှင့် ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦးနှင့်ဝန်ထမ်းများ ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်နှင့်ဝန်ထမ်းများ၊    ကာလိမြို့ ဒေသဆိုင်ရာ အဖွဲ့အစည်းများ နှင့် ကာလိမြို့ နမ့်ခုံးရှမ်းများပရဟိတအသင်း တို့ပူးပေါင်းကာ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိသည့်ပြည်သူများကို အခမဲ့ပေးဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြရာ မြို့အတွင်းသွားလာနေကြသည့် ပြည်သူများ၊ ဈေးသို့လာရောက်ဝယ်ယူကြသူများ၊ ခရီးသွားပြည်သူများတို့က ကိုဗစ်-၁၉ ရောဂါ  ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်  အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)၊ Face shield တပ်ဆင်ကာ Social Distancing နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)