နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး အသိပညာပေး ဆောင်ရွက်

နမ္မတူ စက်တင်ဘာ ၇

မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊  အသိပညာ ပေးခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်က   ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင်    မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့် က   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာ‌ပေး အကြောင်းအရာ များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များအား မြန်မာဘာသာဖြင့်လည်းကောင်း၊ နန်းနွမ်ဟွမ်၊ နန်းကြာပွင့် တို့က ရှမ်းဘာသာဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့အပြင် ဟောပြောပွဲသို့ တက်ရောက်လာသော ကျေးရွာနေပြည်သူများအား ရေမလို လက်သန့်‌ဆေးရည် အသုံးပြုကာ လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာ‌ပေးခြင်း၊ နှာခေါင်း စည်း များ၊ လက်ဆေးဆပ်ပြာခဲများ၊ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)