မိုးမောက်မြို့နယ်၌ ငှက်ဖျားကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ

မိုးမောက်  စက်တင်ဘာ  ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာအုပ်စုတွင် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ် နိုင်‌ရေးအတွက် ဆေးစိမ်ခြင်ထောင်(၁၀၀၀)လုံးကို စက်တင်ဘာလ ၅ ရက်နေ့က ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါ ဆေးစိမ်ခြင်ထောင်များကို မြစ်ကြီးနားမြို့ ငှက်ဖျားကာကွယ်ရေး ဆေးစိမ်ခြင်ထောင် ဖြန့်ဝေမှု တာ၀န်ခံဒေါက်တာမိုးဦး၊ မိုးမောက်မြို့နယ် ဆရာ၀န်ကြီး ဒေါက်တာတင်မေသင်းနှင့် မြို့နယ်ကျန်းမာရေးမှူး ဦးစန်းနိုင်တို့က ကျန်းမာရေး၀န်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်းနှင့် မိုးမောက်မြို့နယ်တွင် ဌက်ဖျားအဖြစ်များသော စိန်လုံအုပ်စု၊ မြို့သစ်အုပ်စု၊ ကျောက်စခန်းအုပ်စု၊ နွယ်လန်းအုပ်စု၊ မခွယ်အုပ်စု၊ ဒေါ့ဖုန်းယန်မြို့ အတွင်းရှိ ကျေးရွာစုစုပေါင်း (၄၃)ရွာအတွက် ဌက်ဖျားရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေး ဆေးစိမ်ခြင်ထောင် တစ်ယောက်အိပ် (၂၀၉၈၂)လုံးနှင့် နှစ်ယောက်အိပ် (၁၆၈၉၀)လုံးကို စက်တင်ဘာ (၉)ရက်နေ့အထိ သတ်မှတ် ကျေးရွာများသို့ အရောက် ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)