‌ဝေါလေမြိုင်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ဝေါလေမြိုင်၊ စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ဝေါလေမြိုင်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ အဘိုး/အဘွား (၄) ဦးနှင့် လော့ခေါ်ကျေးရွာရှိ အဘိုး/အဘွား (၃) ဦး စုစုပေါင်း အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွား (၇) ဦးအား စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၂၁၀၀၀၀ ကျပ်ကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)