ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်

ကျောက်တလုံးကြီး   စက်တင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်- ၁၉  ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက်  ကျောက်တလုံးကြီးမြို့မဈေး နှင့် မြို့မဈေးရှေ့ ကျောက်တလုံးကြီး တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီးတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း နှင့် အသိပညာ ပေးခြင်းကို ယနေ့နံနက် ၇ရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းများ    ဆောင်ရာတွင် ကျောက်တလုံးကြီးမြို့   မြို့အုပ်ချပ်ရေးမှူး ဦးစောချမ်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုက်နယ်ဆေးရုံကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကျောက်တလုံးကြီး-တောင်ကြီး ပြည်ထောင်စုကားလမ်းမရှိလမ်းသွား၊ လမ်းလာပြည်သူများ၊ ဒေသခံပြည်သူများနှင့် ဈေးရောင်းသူ၊ ဈေးဝယ်သူပြည်သူများအား ကျန်မာရေး နှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများအား  မိမိနေအိမ်မှ မဖြစ်မနေ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ပြီးမှသွားကြရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေးများအားရှောင်ရှားကြရန် အသိပညာပေးပြီး နှာခေါင်းစည်း(၁၀၀၀)ခု အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

မြဝင်း (ပြန်/ဆက်)