ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေတာရှည်မြို့နယ်ရှိ မေတ္တာဥယျာဉ် ရှင်သာမဏေ ပြုစုပျိုးထောင်ရေး နှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ပရဟိတကျောင်းသို့ အမိုးသွပ် ၄၀၀ ချပ် လှူဒါန်း

ရေတာရှည် စက်တင်ဘာ  ၇

ရေတာရှည်မြို့နယ် မြို့လှမြို့ မေတ္တာဥယျာဉ် ရှင်သာမဏေပြုစုပျိုးထောင်ရေးနှင့် မိဘမဲ့ ကလေး စောင့်ရှောက်ရေး ပရဟိတကျောင်းတိုက်သို့  အမိုးသွပ် ၄၀၀ ချပ်ကို တောင်ငူခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသူဟန်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့လှူဒါန်းခဲ့သည်။

 မေတ္တာဥယျာဉ် ရှင်သာမဏေပြုစုပျိုးထောင်ရေးနှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ပရဟိတ ကျောင်းတိုက်အတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်း MEC ၇ပေ သွပ်များအနက်မှ အမိုးသွပ် ၄၀၀ ချပ်ကို ထောက်ပံ့လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆု(ပြန်/ဆက်)