မဲဆန္ဒရှင်စာရင်းများ တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူရေး စနစ်မှန်ကန်ရေး အသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သိန္နီ  စက်တင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ စယ်အူကျေးရွာ၊ စယ်အူဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မဲဆန္ဒရှင်စာရင်းများ တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူရေး၊ စနစ်မှန်ကန်ရေး အသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးပျို့မောင်နှင့် တာ၀န်ရှိသူများသည် ကျေးရွာအရောက် ကွင်းဆင်းကာ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်းမဲပေးပိုင်ခွင့်ရရှိစေရန်အတွက် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိသူများ၊ အုပ်ချုပ်ရေးမှူး၊ စာရေး၀န်ထမ်းများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့အား ပထမအကြိမ် ကပ်ထားကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းများအား ပြည့်စုံမှန် ကန်မှုရှိ/မရှိ တစ်အိမ်တက်တစ်အိမ်ဆင်းကောက်ယူရေး အသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဖိုးချို( ပြန်/ဆက်)